တာချီလိတ်မှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်နိုင်လို Mask တပ်ပြီးသွားရန် သတိပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြိုမှာ မတ်လ (၂၄)ရက်နေ့ကနေ (၂၅) ရက်နေ့အထိ (၂၄)နာရီကြာ တိုင်းတာရရှိတဲ့ လေထုအရည်အသွေးဟာ PM10 ရှိပြီး နီညိုရောင်အဆင့် (Hazardous) ရှိနေတာကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် Mask တပ်ပြီးသွားလာကြဖို တာချီလိတ်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားတယ်လို ဒေသဆိုင်ရာ သတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများအနေနဲ့ မလိုအပ်ဘဲ နေအိမ်ပြင်ပသို မထွက်ကြဖို တိုက်တွန်းထားသလို မျက်စိစပ်ခြင်းများဖြစ်ပေါ်လာပါက လက်နဲ့ပွတ် ခြင်းမပြုလုပ်ဘဲ သန့်စင်တဲ့ရေစိုဝတ်နဲ့ ညင်သာစွာသုပ်ပေးခြင်း၊ သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောခြင်းတိုပြုလုပ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာများခံစားလာရပါကနီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနများသို အမြန်ဆုံးသွားရောက်ကြဖိုကိုလည်း အကြံပြုထားပါတယ်။

လက်ရှိမှာ တာချီလိတ်မြိုနယ်အတွင်းက ဗိုလ်ချုပ်လမ်းမတစ်လျှောက်မှာ မီးသတ်ကားတွေနဲ့ ရေဖြန်းခြင်းများ ပြုလုပ်ပေးနေတယ်လိုလည်း သိရပါတယ်။