တောင်ကြီးမြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းဖော့စ်ဖြစ်နေမှုအား ပြင်ဆင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွား

၂၀၂၃ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၉ နာရီ ချိန်တွင်တောင်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအား တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လင်းသီဟကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ရေး အလိုင်းမင်းအဖွဲ့ခေါင်းဆောင် ဦးလှမြင့်၊ ကိုအောင်ကိုကို တို့ ပါဝင်သော အဖွဲ့ သည် လျှပ်စစ်ဓာတ်မီးတိုင်၌ လျှပ်စစ်ဓာတ်အားလိုင်းဖော့စ်ဖြစ်နေမှုအား ပြင်ဆင်ရန်အတွက် ၎င်းအဖွဲ့မှ အလိုင်းမင်း ဦးအောင်ကိုကို(ကိုယ်ရေးစိစစ်ဆဲ)မှ အဆိုပါလျှပ်စစ်ဓာတ်မီးတိုင် အစုံလိုင်း၏ လျှပ်စစ်ဓာတ်မီးတိုင်ပေါ်သို့ တက်ရောက်၍ ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ ၀၉၂၀ နာရီတွင် လျှပ်စစ်ဓာတ်လိုက်၍ ၎င်း၏ခြေထောက်(၂)ချောင်း နှင့် ခန္ဓာကိုယ်အား ဓာတ်လိုက်၍ ဓာတ်မီးတိုင်၌ လျှပ်စစ်ဓာတ်ကြိုးများကြားညှပ်ခဲ့သဖြင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဝန်ထမ်းများ၊ လင်းသီဟကုမ္ပဏီမှ ဝန်ထမ်းများ၊ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့ မှူး၊ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ကြက်ခြေ နီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ရောက်ရှိ၍ ၀၉၄၀ နာရီမှစတင်၍ ၎င်းလျှပ်စစ် ဓာတ်လိုက်ခံရသူအား လျှပ်စစ်ဓာတ်မီးတိုင်ပေါ်မှ ဝိုင်းဝန်းကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၁၀၃၅ ချိန် ကယ်ဆယ်ရရှိခဲ့ပြီး ကြက်ခြေနီလူနာ တင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့၍ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ စဝ်စံထွန်းဆေးရုံသို့ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသ မှုများ ခံယူစေလျက်ရှိကြောင်းသိရှိရပါတယ်….