(Bilateral Meeting) မြန်မာ VS တရုတ်

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ ဉက္ကဌဖြစ်သည့် H.E.Mr. Chen Wenqing နှင့် တွေ့ဆုံခဲ့ပါတယ်။

ထို့သို့တွေ့ဆုံစဉ် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရုတ်နယ်စပ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါးဆောင်ရွက်မှုအခြေအနေများ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်မှာရှိတဲ့ KIA နဲ့ AA အကြမ်းဖက်သောင်းကျန်းသူများကို CIA က ကူညီ ထောက်ပံ့ပေးနေမှုများကို နှစ်နိုင်ငံကိုယ်စားလှယ်များ အလေးထားဆွေးနွေးခဲ့ကြပြီး အရှေ့မြောက်ဒေသ၊ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးမှုအတွက် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။