ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက်သမားများ ရောက်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ  ကျုံဒိုးချောင်းဖျားရွာ၊ သရက်တော၊အနောက်ဘက်ကမ်း၊ ကမ်းနီကျေး ရွာများတွင် အကြမ်းဖက်သောင်း ကျန်းသူများ ရောက်ရှိနေကြောင်း နေ့စဥ်ဆက်တိုက် ကောလဟလသတင်းမှားများပျံနှံလျက်ရှိကြောင်း၊ ၎င်းသတင်း ကောလာဟလများကြောင်း ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

      မြေပြင်သတင်း အသေးစိတ်အားစုံစမ်းကြည့်ရာ ဖော်ပြပါရွာများမှ ပြည်သူများသည် အေးချမ်းစွာရောင်း၀ယ်လူပ်ရှားပုံမှန်ဆောင်ရွက်နေခြင်းအပေါ် ဒေသအေးချမ်းမူကိုမလိုလားသည့် မရှုစိမ့်သူ အုပ်စုများက လိုင်းပေါ်မှတဆင့် သို့မဟုတ် အချင်းချင်း မက်ဆေ့ပေးပို့ပြီး မဟုတ်မမှန်သတင်းများဖြန့်နေကြောင်း သိရှိရပါသည်။

      အဆိုပါ ကောလာဟလ သတင်းမှားများမှာဖော်ပြပါ ရွာများတွင်အကြမ်းဖက်သောင်းကျန်း သူများ ရောက်ရှိ​နေပြီး အင်အားဘယ်လောက်ရှိကြောင်း၊ ဘယ်နေ့မှာ ကျုံဒိုးချောင်းဖျား၊ ကမ်းနီကို၀င်တိုက်မည် ၊ ဘယ်နေ့ကို ရက်ချိန်းပေးထား သည် စသည့် သတင်းအမှားများကြောင့် ဟုတ်မဟုတ်သတင်းအမှန်အား စိစစ်ခွဲခြားနိုင်မူမရှိပဲ ပြည်သူအချို့မှာ စိုးရိမ်ထိတ်လန်မှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

#PAN