စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာအနီးတွင် PDF ၁ ဦးအား ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာတွင်ရှိသော ဆိပ်ခွန်- ရွှေဘိုသွား ကားလမ်းမပေါ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက အများပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် လူ/ယာဉ် သွားလာမှုများအား စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ရွှေဘိုဘက်မှ ဆိပ်ခွန်ကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား စစ်ဆေးခဲ့ရာ စိုးမင်းအောင် သည် မြောင်မြို့နယ်တွင်အတွင်း PDF သင်တန်းတက်ရောက်ခဲ့သော PDF ၁ ဦးဖြစ်ကြောင်း အထောက်အထားများနှင့်တကွ တွေ့ရှိရ၍ လုံခြုံရေးအဖွဲ့များက တရားဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။