လီဗာပူးရဲ့ top 4 မျှော်လင့်ချက်အပေါ် ယာဂန်ကလော့ရဲ့ အမြင်

လီဗာပူးရဲ့ top 4 မျှော်လင့်ချက်အပေါ် ယာဂန်ကလော့က :

“နိုင်ပွဲရရှိမှသာ ကျနော်တို့ ဒီကွာဟချက်ကို influence လုပ်နိုင်မှာပါ။ ကျနော်တို့ ဒီနေ့ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။ အပေါ်က အသင်းတွေ အားလုံး ပွဲတိုင်း ရှုံးမှာတော့ မဟုတ်ပါဘူး။ တစ်ချို့က အနိုင်ရမှာ ဖြစ်သလို တစ်ချို့က သရေကျတာတွေ ရှိမှာပါ။ ပွဲတွေ အများကြီး ကစားဖို့တော့ ကျန်နေပါသေးတယ်။ ကျန်တဲ့ ရမှတ်တွေကို count လုပ်မယ်ဆိုရင် top 4 ဝင်ဖို့က ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။

ဒါပေမယ့် ဒီလို အခြေအနေကို ရောက်ရှိနိုင်ဖို့အတွက် ဆိုရင် ကျနော်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲနှစ်ပွဲမှာ လုပ်ခဲ့သလိုမျိုး ဆက်လုပ်သွားရမှာပါ။ တိုးတက်မှုကို ကျနော် မြင်တွေ့ခဲ့ပါတယ်။ ဒါဟာကောင်းပါတယ်။ ဒီလိုမျိုး ကျနော်တို့ ဆက်လုပ်သွားရမှာပါ။”

crd: