၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဥရောပဘောလုံးအဆင့်သတ်မှတ်ချက်များ

ဥရောပဘောလုံးအဖွဲချုပ်က ဇူလိုင်လအတွက် ဘောလုံးလိဂ် အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်လိုက်ရာမှာ အင်္ဂလန် ပရီးမီးယားလိဂ်က ထိပ်ဆုံးမှာရပ်တည်ခဲ့ပါတယ်။

ကလပ်အသင်းအဆင့်အမြင့်ဆုံး ပြိုင်ပွဲလို့ဆိုရမယ့် ချန်ပီယံလိဂ် မှာ မန်စီးတီးချန်ပီယံဖြစ်ခဲ့သလို ကွန်းဖရန့်လိဂ်မှာလည်း ဝက်စ်ဟမ်းတို ချန်ပီယံဖြစ်ခဲ့ပါတယ် ။

အင်္ဂလန်က လပ်တွေရဲ့ UEFA လက်အောက်ပြိုင်ပွဲတွေ မှာစွမ်းဆောင်ချက်တွေအရ သည်လို နံပါတ်တစ်နေရာ မှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်လာလီဂါအနေနဲ့ကတော့ အဆင့် (၂) နေရာမှာ ရပ်တည်မြဲ ရပ်တည်နေခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အမ်ဘာပေရဲ့ ပြင်သစ် လိဂ်ကတော့ အဆင့် ၅ ရဲ့ ပြင်ပကိုရောက်ရှိသွားခဲ့ပြီး နယ်သာလန် လိဂ်ကကျော် တက်ခဲ့တာပါ။

သည်လို အဆင့်သတ်မှတ်ချက်တွေက ချန်ပီယံလိဂ် ယူရိုပါလိဂ် ကွန်းဖရန့်လိဂ် စတဲ့ ပြိုင် ပွဲ ဝင်ခွင့်တွေ မှာပါ ရိုက်ခတ်မှုရှိလာနိုင်မှာပါ။

ထူးခြားမှုတစ်ခုကတော့ ဥရောပအပြင် ကမ္ဘာ့အကောင်းဆုံး လိဂ်လိုပါဆိုကြတဲ့ ပရီးမီးယားလိဂ်က Ballon d’or ဆုရှင်တွေ ထွက်ပေါ် မလာခဲ့တာ နှစ်အတော်ကို ကြာနေခဲ့တာ ဖြစ်ပါတယ်။