ပလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့ AA လက်နက်ကိုင်အဖွဲ့

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ AA လက်နက်ကိုင်အဖွဲ့ဟာ သူတို့ရဲ့အရာရှိသင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်အတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။ အပတ်စဥ် ( ၁/၂ )ကိုတော့ သူတို့ရဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမှာ လုပ်ခဲ့ပြီး အခု အပတ်စဥ် ( ၃ )က လူအင်အားအပါဆိုရင် အရာရှိထောင်ကျော်ရှိနေပြီး အောက်ခြေအဖွဲ့ဝင် ၃ သောင်းကျော် ရှိနေပြီဆိုပြီး AA ဘက်တော်သားတွေက ဝမ်းပန်းတသာနဲ့ပြောဆိုနေကြပါတယ်။

ဒါပေမယ့် အဲ့ဒီဝမ်းသာနေတဲ့သူတွေ မသိတာက AA အောက်ခြေအဖွဲ့ဝင်တွေ နေ့စဥ်နဲ့အမျှ ထွက်ပြေးနေကြတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေကနေ ကြားနေရပါတယ်။ ULA/AA အဖွဲ့မှာ အထက်အောက် မမျှမတဆက်ဆံမှု၊ အစာရေစာရှားပါးငတ်ပြတ်မှု၊ မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးတာ ၊ ULA က လူတွေကို AA က လူတွေ မကျေနပ်မှုစတဲ့ များစွာသောအကြောင်းတွေကြောင့် ထွက်ပြေးနေမှုတွေ များနေတယ်လို့ သိရတယ်။ ထွက်ပြေးကြတဲ့သူ အများစုကလည်း ထိုင်းနဲ့ မလေးကဲ့သို့သော နိုင်ငံတွေထိ အပျောက်ပြေးကြတယ်တဲ့။ တစ်ချို့ဆိုရင် စိတ်ဖိစီးမှုများပြီး ကျဥ်းကြပ်တာကြောင့် ကိုယ့်ကိုကိုယ် သတ်သေတဲ့အထိ ရှိကြတယ်လို့ သူတို့နဲ့နီးစပ်သူတွေဆီက တစ်ဆင့်ကြားရပါသေးတယ်။

အဲ့လို AA အဖွဲ့တွေ ထွက်​ပြေးနေကြတယ်ဆိုတဲ့ သတင်းကိုတော့ ရခိုင်ဒေသတွင်းသတင်းတွေမှာတွေ့ရမှာ မဟုတ်ပဲ AA အဖွဲ့အတွင်း ပြိုကွဲနေတာတွေကို ဖုံးဖိထားပါတယ် (တစ်ချို့သတင်းPageဆို တင်ပြီးသားသတင်းကို ပြန်ဖြုတ်လိုက်ရတာတွေလည်း ရှိပါတယ်)။ အခုလို သင်တန်းဆင်းတာတွေ၊ အင်းအားဘယ်လောက်ရှိနေပါပြီဆိုတာတွေကို ဝါဒဖြန့်ပြီး စုဆောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင်တန်းက ၃၀၀ လောက်ဆင်းပေမယ့် နေ့စဥ်နဲ့အမျှ ထွက်ပြေးနေတဲ့သူအင်အားက ပိုများနေတာကြောင့် ပလိုင်းပေါက်နဲ့ဖားကောက်နေတဲ့ ပုံစံဖြစ်နေပီလို့ပဲ ဖော်ပြပေးလိုက်ရပါတယ်။