ပွကြီးနဲ့ခွာပြဲပြီး ဖောက်ဖော်ဆီကပ်လာတဲ့ NUG

NUG အကြမ်းဖက်အဖွဲ့ကလူတွေ အခြေအနေမကောင်းတော့မှန်းသိတော့ ဘက်ပြောင်းကုန်ကြပြီ။
ဘယ်လိုတွေ ဘက်ပြောင်းကြသလဲဆိုတော့ နိုင်ငံရေးဖြစ်စဉ်အစမှာ UN,US တို့က စစ်ကောင်စီကို ဘယ်လို လုပ်တော့မှာဆိုပြီး သူတို့ထောက်ခံတဲ့ငပိန်းအဖွဲ့တွေကို ဂျင်းထည့်ခဲ့တယ်။

UN လည်း မလာသလို US လည်း မရောက်ခဲ့ဘူး။ နောက်ပိုင်းအခြေအနေမှာ အမေရိကန်က NUG ကို ခိုင်းစားရမလားဆိုပြီး တိုးတိုးတိတ်တိတ် ဆက်ဆံခဲ့တယ်။

ဒါပေမယ့် NUG နဲ့ NUG လက်အောက်ခံ PDF အကြမ်းဖက်တွေက လူတွေသတ်၊ မုဒိမ်းကျင့်၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်တာတွေ လုပ်နေတော့ ခိုင်းစားမရတဲ့အပြင် သူတို့လုပ်ရပ်တွေအတွက် ကုလသမဂ္ဂအထိပါ စာတမ်းပြုစုပြီး အတင်ခံလိုက်ရတယ်။

ဒီလိုအခြေအနေတွေကြောင့် အမေရိကန်ကြီးလည်း အကြမ်းဖက်အားပေးအဖြစ် အစွပ်စွဲခံရမှာကြိုသိတဲ့အတွက်
NUG အဖွဲ့ကို ခပ်တန်းတန်းနေလိုက််တယ်။

ဒီလို ခပ်တန်းတန်းနေလိုက်တဲ့အတွက် ယခင်က US ဘုရားလိုကိုးကွယ်နေတဲ့ ဇင်မာအောင်တို့ အဖွဲ့က
အမေရိကန် မထောက်ခံလည်း တော်လှန်ရေးကို ဆက်လုပ်မယ်ဆိုပြီး အသံတွေထွက်လာကြတယ်။

ဒီလို US ကြီးက ကန်ထုတ်လိုက်တဲ့အတွက် ယခင်က တရုတ်ကြီးကို အမြဲဖောင်းထုခဲ့တဲ့ NUG ကလူတွေ
တရုတ်နယ်စပ်မှာရောက်ကုန်ကြပြီး တရုတ်ကြီးကို အဖေခေါ်ဖို့ ကြိုးစားနေကြပြီ။