PDF အချင်းချင်းသေနတ်နဲ့ချိန်ကာ ခေါင်းရိုက်ခွဲ

ပုလောမြို့နယ်တွင် PDF တပ်ရင်းမှူးဆိုသူ ကျော်ထင်အောင်က လက်အောက် PDF ရဲဘော်တစ်ဦးအား သေနတ်ဖြင့်ချိန်ကာ ခေါင်းရိုက်ခွဲသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ PDF ရဲဘော်ဟာ ၎င်းဆန္ဒမပါတော့သဖြင့် PDF တပ်ရင်းမှ ထွက်ခွာပြီး နေရပ်ပြန်လိုသဖြင့် ပြောဆိုခဲ့ရာ ကျော်ထင်အောင်က မပြန်ခိုင်းဘဲ အတင်းအကျပ်ခိုင်းစေခဲ့ခြင်းကြောင့် စကားများခဲ့ရာမှ ခေါင်းရိုက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ တော်လှန်ရေးအမည်ခံ အဆိုပါတပ်ရင်းတွင် ကြီးနိုင်ငယ်ညှင်း နှိပ်စက်ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး တပ်ရင်းမှူးဆိုသူကလည်း တပ်မတော်စစ်ကြောင်းများကို မတိုက်ခိုက်ရဲပဲ ကျေးရွာ/လမ်းကြောင်းများတွင် ဓားပြတိုက်ဖို့လောက်သာ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။