KIA အဖွဲ့တွင် ခေါင်းကြီးပိုင်းအချင်းချင်း လုပ်ကြံမှုဖြစ်ပွား

လိုင်ဇာမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့သတင်းကတော့ အင်ဘန်လ(ဥက္ကဌဟောင်း)ရဲ့ သား “လောင်းလု” ကို မိုင်ဂျာယန်မှာ ဂမ်ရှောင်ထောက်ခံသူ KIA တွေက အရက်ထဲ အဆိပ်ခပ်ပြီး လုပ်ကြံလိုက်တဲ့ သတင်းပါပဲ။

အဲဒီဖြစ်ရပ်ကြောင့် အင်ဘန်လရဲ့ တပည့်အရင်း ဂွမ်မော်ကလည်း မကျေမနပ်ဖြစ်နေပြီး KIA အဖွဲ့အတွင်း ပွတ်တိုက်မှုတွေရှိလာကာ တစ်ဖက်နဲ့တစ်ဖက် အချေအတင် ဖြစ်နေကြကြောင်းသိရှိရပါတယ်။

“လောင်းလု”ဟာ ဖေ ၂၁ ရက်နေ့မှာ လုပ်ကြံခံလိုက်ရတာဖြစ်ပြီး ဖေ ၂၄ ရက်နေ့မှာတော့ အရိုးပြာကို တရုတ်ပြည်ရှိ ၎င်း၏နေအိမ်သို့ ပို့ဆောင်လိုက်ပါတယ်။ စီးပွားရေးလုပ်ကွက်လုကြရင်း ဂမ်ရှောင်ရဲ့ အပေါင်းအပါတွေက လုပ်ကြံလိုက်တာဖြစ်ပါတယ်။

ဒီလိုပါပဲ .. KIA သကသ သမိုင်းမှာ အချင်းချင်းအာဏာလု၊ လုပ်ကြံနေကြတာ သမိုင်းအစဉ်အလာတစ်ခုလိုတောင် ဖြစ်နေပါပြီ။ မကြာသေးမီကလည်း ဂမ်ရှောင်ဟာ KIO ဥက္ကဌ အင်ဘန်လ ကိုအာဏာသိမ်းပြီး ဥက္ကဌရာထူးကို ရယူထားသူလည်းဖြစ်ပါတယ်။

ဂွမ်မော်မှာလည်း သတိကြီးကြီးထားနေရပြီး သူ့အလှည့်ဘယ်တော့ရောက်လာမလဲဆိုတာကို နောက်ကျောမလုံ ဖြစ်နေတယ်လို့ သိရပါတယ်။