KNDF ရဲ့ အုတ်ဂူလေးတွေအပြည့်နဲ့ ကယားမြေ

ကယားပြည်နယ်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ကတည်းက KNDF တော်တော်များများ ထိခိုက်သေဆုံးမှုများ များပြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့သေတာတွေကို လိုင်းပေါ်တင်ခွင့်တောင် မရခဲ့ကြပါဘူး..အကြောင်းအရင်းကတော့ PDFတွေသေဆုံးမှုများပြားနေပါက အခြားသော PDF တွေစိတ်ဓာတ်ကျဆင်းပြီး ၎င်းတို့ရဲ့ တော်လှန်ရေးမှာ မပါဝင်လာမှာကို စိုးရိမ်တာက တစ်ကြောင်း၊ နောက်တစ်ခုက သူတို့တွေပြောဆိုနေကြတဲ့ ထောက်ပို့ဆို့တဲ့ သူတွေက ထောက်ပံ့ကြေးများနှင့် အကူအညီများ မရမှာကို စိုးရိမ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ PDF တွေအနေနဲ့ သေဆုံးသွားကြတာကိုတောင် လူသိမခံဝံ့ဘဲ သေနေကြရသလို၊ ၎င်းတို့ရဲ့ မိဘများကလည်း သူတို့ရဲ့ သားသမီးတွေ သေလားရှင်လားဆိုတာကိုတောင် သိခွင့်မရကြရပါဘူး။ နောက်ဆုံးမှ သိရတာက တပ်မတော်က ဝင်ရောက်ရှင်းလင်း တိုက်ခိုက်လို့ အလောင်း/လက်နက်တွေရတဲ့အချိန်မှ သေကြတာကို သိကြရပါတယ်။ ၎င်းတို့အနေနဲ့ မြေပြင်အခြေအနေများတွင် ထိခိုက်သေဆုံးမှုများပြားနေသော်လည်း လိုင်းပေါ်မှာတော့ ပွဲတိုင်းနိုင်တဲ့ ပွဲတိုင်းကျော်FIGHTER ပုံစံဖြစ်နေရပါတယ်။ အရင်က အေးချမ်းပြီး သာယာလှတဲ့ ကယားမြေလေးမှာ KNDF/PDF တို့ရဲ့ အုတ်ဂူဖြူဖြူလေးတွေက နေရာယူခဲ့နေလေပြီ….