ခွက်ခေါက်ဖို့ပဲ ပြင်မနေနဲ့လို့ NUG ကို အိုင်းရင်းပြောပြီ

NUG ရဲ့ တော်လှန်းရေးဆိုတဲ့ ဟာသကြီးက ကြာလာသည်နှင့်အမျှ ၎င်းတို့ရဲ့ဗီဇတွေက ပိုမိုပေါ်လွင်လာလေပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်း သူတို့အချင်းချင်း တစ်ယောက်အကြောင်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့မကောင်းတာတွေကို ပိုသိလာပြီး အချင်းချင်းဖော်ကောင် လုပ်လာနေတာကိုလည်း ပန်ဆယ်လိုနဲ့ အိုင်းရင်းရဲ့ Live လွှင့်ပြောဆိုမှုများကနေ မြင်တွေ့နိုင်ပါတယ်..အခုလောလောဆယ်မှာတော့ အိုင်းရင်းနဲ့ နဂါးက တစ်ဖွဲ့၊ အပျံမ၊ မျိုးရန်နောင်သိမ်းနဲ့ NUG ကတစ်ဖွဲ့ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ မျောက်သုံးကောင်အဖွဲ့ က တပ်မတော်ကို တိုက်နေတော့ NUG ကရောဘာလုပ်နေလဲ ခွက်ခေါက်ဖို့ပြင်နေတယ်လို့ သူမရဲ့ လူမှုကွန်ယက်မှာ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ သူပြောမယ်ဆိုရင်လည်း ပြောချင်စရာပါပဲ… ခေါင်းစဉ် တစ်ခုရတာနဲ့ NUG ကလည်း ခွက်ခေါက်ဖို့ပဲ ပြင်နေတော့တာ…NUG ကလူတွေရဲ့ခံယူချက်ကလည်း အဖျက်သမားတွေကြောင့် တိုင်းပြည်ဒုက္ခမျိုးစုံရောက်လည်း သူတို့ခွက်မပျောက်ဖို့အရေးက ပထမဦးစားပေးပဲ…သူတို့တွေကလည်း တော်လှန်ရေးကို အကြောင်းပြုပြီး ကြီးပွား/ချမ်းသာနေတဲ့ သူတွေဆိုတော့ ခွက်ပျောက်ရင် သူတို့ စီးပွားပျောက်တာနဲ့ အတူတူပဲကြောင့်မို့ ဖြစ်ပါတယ်။