ဟိုပုံးမှာ ချယ်ရီပန်းပွဲတော်ပြုလုပ်

ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်း စံပြကျေးရွာ၌ ချယ်ရီပန်းပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလျက်ရှိတယ်လို သိရပါတယ်…အဲဒီ ချယ်ရီပင်တန်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ကျေးရွာသန့်ရှင်းသာယာလှပစေရန် ရည်ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါမှာတော့ အင်မတန်လှပတဲ့ ချယ်ရီပန်းတွေနဲ့ သာယာလှပနေကြောင်းသိရပါတယ်။