တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့၌ နွေရာသီသင်တန်းများ ဖွင့်လှစ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲများမှ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/အဆင့်မြှင့်သင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများတက်ရောက်ကြသည်။