ငွေကျပ် သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မတ်လ ၁၇ ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သူ သီဟစိုး နှင့် စိုင်း၀န်းကျောက်တို့အား စစ်ဆေးရှာဖွေရာမှ ၎င်းတို့သယ်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄.၉၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ စိုင်း၀န်းကျောက် နေထိုင်သည့် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ Happy Water အလေးချိန် ၈၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈ သိန်း)၊ ကက်တမင်း အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ #Crd