စစ်ကိုင်းမြို့မဈေးအတွင်းမှာ ပိုက်ဆံအိတ်ကို ဓားနဲ့ခွဲပြီး ခါးပိုက်နှိုက်သူ အမျိုးသမီးကို ဖမ်းမိ

ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့မဈေးအတွင်းမှာ ဈေးဝယ်လာသူတွေရဲ့ ပိုက်ဆံအိပ်ကို ဓားနဲ့ခွဲပြီး
ခိုးယူခံရမှုများ ဖြစ်ပွားလျှက်ရှိကြောင်း သတင်းအရ မှု/နှိမ်တာဝန်ခံ ရဲအုပ်ပါဝင်တဲ့ ပူးပေါင်းရဲတပ်ဖွဲက အသွင်ယူ
စောင့်ကြည့်ခဲ့ရာ မသင်္ကာဖွယ်ရာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။
၎င်းအမျိုးသမီးမှာ မတ္တရာမြိုနယ်၊ ကံဖြူကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဒေါ်ရင်မြဆိုသူဖြစ်သူဖြစ်ကြောင်း
သိရှိရပြီး ၎င်း၏ လက်ကိုင်အိတ်အတွင်းမှ ပိုက်ဆံအိတ်ခွဲရာတွင် အသုံးပြုသည့် ဘရိတ်ဓားအသစ် ၂ချောင်းကို
သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
ထို့အပြင် ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်းကို ဆက်လက်စစ်ဆေးခဲ့ရာ NLD ပါတီကို ဝန်ရံသူဖြစ်ကြောင်းတွေ့ရှိ
ရသည့်အပြင် အကြမ်းဖက်ကို ထောက်ခံအားပေးသည့်သီချင်းများ၊ လက်သုံးချောင်းထောင်နေသည့် ၎င်း၏ဓာတ်ပုံများ
အပြင် တပ်မတော်ကိုစော်ကားထားသော အခြားအထောက်အထားများပါ ပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူ
နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။