“ဘဏ်ဓားပြတိုက်ခဲ့တဲ့ အကြမ်းဖက် NUG ရဲ့ သားသမီး ၅ ယောက် ထောင်အနှစ် ၂၀ ကျခံရတော့မည်”

ဒီဇင်ဘာ ၂၉ ရက်က အကြမ်းဖက် NUG ရဲ့ သားသမီးတွေဖြစ်တဲ့ ကျော်ဇင်လင်း၊ မဝင်းထက်မာ (ခ) အမာ၊
သူရအောင်၊ ဝင်းထိုက်ကိုကိုနဲ့ မင်းဟိန်းသူတို ၅ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်မှာရှိတဲ့ ကမ္ဘာ့ရတနာဘဏ်
ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ ဓားပြတိုက်ခဲ့တဲ့အမှုအတွက် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ
ရာဇသတ်ကြီး ပုဒ်မ-၃၉၅ အရ နောက်ထပ် ထောင် ၁၀ နှစ်စီ ထပ်ချလိုက်တယ်လို သိရပါတယ်။
ဒါ့အပြင် ၎င်းဓားပြတိုက်မှာ အားပေးကူညီသူတွေဖြစ်တဲ့ အောင်အောင်ဆိုသူနဲ့ မင်းလတ်ချိုဆိုသူတို့ နှစ်ဦးကိုလည်း
ပုဒ်မ ၄၁၂ အရ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တယ်လို ဆိုပါတယ်။
အကြမ်းဖက် NUG ရဲ့ သားသမီးတွေဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တောင်ဥက္ကလာမှာရှိတဲ့ ကမ္ဘာ့
ရတနာဘဏ်ကို ဓားပြတိုက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကနေ
ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီးဖြစ်လို စုစုပေါင်း ထောင် အနှစ် ၂၀ ကျခံရတော့မှာဖြစ်တယ်လို သိရပါတယ်။