ဘရာဇီး ဂန္ဓဝင်ပီလီဟာ ကင်ဆာရောဂါဖြင့်ကွယ်လွန်

ကမ္ဘာ့ဖလား ကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်တဲ့ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမားကြီး
ဘရာဇီး ဂန္ဓဝင် ပီလီဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်
အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ပီလီဟာ ကမ္ဘာ့ဖလား ကာလမှာကတည်းက စိုးရိမ်ရတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး
ခုချိန်မှာတော့ တက်ရောက်ကုသနေတဲ့ ဆာအိုပေါ်လို မြိုက ဆေးရုံပေါ် မှာပဲ သူချစ်တဲ့ ဘောလုံးလောကကြီးကို
အပြီးတိုင် စွန့်ခွာသွားခဲ့တာပါ ဘောလုံးလောကရဲ့ အိုင်ကွန် တစ်ခုလို့ သတ်မှတ်ခြင်းခံထားရတဲ့ ပီလီဟာ
အသက်၁၇ နှစ်အရွယ်နဲ့ ကမ္ဘာ့ဖလား ကို ဆွတ်ခူးနိုင်သူလည်းဖြစ်ပါတယ် ဒါ့အပြင် ဘရာဇီးရဲ့ ထာဝရဂိုးသွင်းအများဆုံး စာရင်းမှာ နံပါတ်တစ်နေရာ မှာ ယနေ့တိုင် ရှိနေဆဲလည်းဖြစ်ပါတယ်
ဆင်းရဲလွန်းတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူ ပီလီဟာ 1958 1962 နဲ့ 1970 ကမ္ဘာ့ဖလားတွေကို သုံးကြိမ်တိုင် ရယူပြီးတဲ့နောက် ဘရာဇီးအပြင် ကမ္ဘာ့တစ်ဝှမ်းလုံး က ဘောလုံးပရိတ်သတ်များစွာရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိခဲ့ပါတယ်
ပီလီကွယ်လွန်သွားမှုအတွက် ကမ္ဘာ့တစ်ဝှမ်းလုံးက ဘောလုံးသမားတွေ ဘောလုံးအဖွဲချုပ်တွေနဲ့ ကလပ်အသင်းများစွာက ၄င်းတိုရဲ့ ဆိုရှယ် စာမျက်နှာတွေမှာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားကြတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်
ပီအက်စ်ဂျီစတား အမ်ဘာပေ က “ဘောလုံးဘုရင်ကြီးကတော့ ငါတို့ကို ချန်ထားရစ်ခဲ့ပေမယ့် သူထားရစ်ခဲ့တဲ့ အမွေအနှစ်တွေကိုတော့ ငါတို ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး ” လို ဆိုခဲ့သလို
မားကပ်ရက်ဖိုရှ် ရဲ့ တွစ်တာလည်း ကောင်းမွန်စွာ အနားယူပါ ဆိုပြီးတင်ထားတာတွေ့ရပါတယ်
ဂယ်ရီနဗီး ပြင်သစ်သမ္မတကြီးနဲ့ ဂယ်ရီလိုင်နီကာစတဲ့ အကျော်အမော်တွေ လည်း ပီလီအတွက်ဆုတောင်းစကားတွေ ထုတ်ဖော် ရေးသားထားကြပါတယ်ခေတ်တစ်ခေတ် ရဲ့ အပြောင်အမြောက်ဆုံး ဘောလုံး မှော်ဆရာ ကြီးကတော့ ကမ္ဘာကို စွန့်ခွာသွားခဲ့ပါပြီကမ္ဘာ့လူသားတွေဖို သေဆုံးခြင်းဆိုတာ ဆန်းကျယ်တဲ့အရာမဟုတ်ပေမယ့်လည်း
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ ကိုယ်တိုင် ထုဆစ် ရတဲ့ ပုံရိပ်တွေကတော့ အရောင်အသွေးကွဲပြားကြပါတယ်
သည်လို လောကကြီးထဲကမှ လူသားတွေ ချစ်မြတ်နိုးစွာ အားပေးကြတဲ့
မြက်ခင်းစိမ်းတွေပေါ် မှာ ပီလီ ချန်ထားရစ်ခဲ့တဲ့ မှောင်ဆန်တဲ့ အတိုးအလှုပ်တွေ သွင်းဂိုးတွေ နဲ့အတူ
ဆုတံဆိပ်တွေအားလုံးက ထာဝရ ရှင်သန်နေမယ့်မြက်ခင်းစိမ်းပေါ်က ခြေရာများလို ဆိုရတော့မှာဖြစ်ကြောင်းပါ…
R.IP Legend !!