“ဂျပန်နိုင်ငံမှ ဝယ်ယူထားတဲ့ DEMU ရထားတွဲဆိုင်းအသစ်တွေနဲ့ မနက်ဖြန်ကစပြီး ပြေးဆွဲပေးဖို စီစဉ်နေဟုဆို”

ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်- နေပြည်တော် ရထားခရီးစဉ်ကို
မနက်ဖြန် (ဒီဇင်ဘာ ၃၀ ရက်)မှ စတင်ကာ ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်နေကြောင်း
မြန်မာ့မီးရထားထံက သိရသည်။
လက်ရှိတွင် နေပြည်တော်သို သွားရောက်လိုသည့် ခရီးသည်များအနေဖြင့် ရန်ကုန်-မန္တလေးရထားခရီးစဉ်ဖြင့်သာ
လိုက်ပါနေရပြီး အစိုးရရုံးပိတ်ရက်များတွင် နေပြည်တော်-ရန်ကုန် သီးသန့်အထူးရထားခရီးစဉ်ကို မြန်မာ့မီးရထားက
ပြေးဆွဲပေးနေသည်ဟုဆိုသည်။
မြန်မာ့မီးရထားအနေဖြင့် နယ်ဝေး ရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထား ၄ စင်း၊
စာပို့ရထား ၂ စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမြန်ရထား ၂ စင်း၊ စာပို့ရထား ၂ စင်း၊ ရန်ကုန်- မော်လမြိုင်
ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။