အနုကြမ်းစီး ဓားပြတိုက်မှု မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွါး

ပစ္စည်းလာပို့တာ ဆိုပြီး နေအိမ်တွင်းဝင်​ရောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မှာ ဖြစ်ပွါးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာလမ်းရှိနေအိမ်တွင် အသက် ၆၉ နှစ်အရွယ်ပိုင်ရှင်အမျိုးသမီးကြီးနှင့် ညီမဖြစ်သူတို့နေအိမ်အတွင်းရှိနေစဉ် ပစ္စည်းလာပို့တာလို့ ပြောဆိုကာ အမျိုးသား ၃ ဦးအိမ်ထဲဝင်လာကာ အနုကြမ်းစီး လုယက်သွားမှု ဩဂုတ် ၄ ရက်နေ့က ဖြစ်ခဲ့တာပါ

အဆိုပါ အမည်စိစစ်ဆဲ အမျိုးသား ၃ ဦးက အိမ်ရှင်ညီအစ်မ ၂ဦးတို့ကို ပါးစပ်အားတိတ်ဖြင့်ပတ်၊ ပလပ်စတစ်ကြိုးဖြင့် လက်အားချည်နှောင်၍ ငွေကျပ် ၈၉ သိန်း၊ ဆွဲကြိုး ၁ ကုံး၊ လက်ကောက် ၆ ကွင်း၊ ဟန်ချိန်းတစ်ခု လက်စွပ်တစ်ကွင်း၊ စိန်နားကပ် ၁ ရံ၊ စုစုပေါင်းရွှေ ၇ ကျပ်သားခန့်အား ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။