ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ရဲလာဖမ်းသွား

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို နိုင်ငံတော်အဆင့်လက်ဆောင်တွေ တရားမဝင်ပြန်ရောင်းမှုနဲ့ တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီးနောက် ဩဂုတ် ၅ ရက်၊ မနေ့က ရဲတပ်ဖွဲ့က လာဟိုးမြို့နေအိမ်သို့ လာရောက်ဖမ်းဆီးသွားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

အဲဒီလို ခမ်းကို ဖမ်းဆီးခြင်းအားဖြင့် လာမယ့်ရွေးကောက်ပွဲကျရင် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့သူ့အပေါ် ဝင်ရောက်အရွေးမခံနိုင်အောင် တားဆီးလိုက်တာဖြစ်ပါတယ်။