အမေရိကန်ရေတပ်စစ်မှုထမ်းနှစ်ဦးကို ဖမ်းဆီးထား

တရုတ်နိုင်ငံသို့ အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာပစ္စည်းတွေ လွှဲပြောင်းပေးတဲ့စွဲချက်နဲ့ အမေရိကန်ရေတပ်မှ စစ်သင်္ဘောအမှုထမ်းနှစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန်တာဝန်ရှိသူတွေက ဩဂုတ် ၃ ရက်မှာ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ရေတပ်အရာရှိငယ် Wenheng Zhao (၂၆ နှစ်) ဟာ အမေရိကန်စစ်ရေးသတင်းအချက်အလက် ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို ဒေါ်လာ ၁၅,၀၀၀ နီးပါးနဲ့ လဲလှယ်ခဲ့လို့ ပူးပေါင်းကြံစည်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုတို့နဲ့ စွဲချက်အတင်ခံထားရတယ်လို့ တာဝန်ရှိသူတွေက ဆက်လက်ပြောကြားခဲ့ပါတယ်။