“ရန်ကုန်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို တစ်ညတာ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်”

ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့မှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို
နှစ်သစ်ကူးမည့် ညတစ်ညဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက် ည သန်းခေါင် ၁၂ နာရီမှ ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီ
ထိ ခေတ္တပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို၊ ပြည်သူ့ရင်ပြင်၌ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်(Count
Down Party)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပြီး နှစ်သစ်ကူးပွဲတော် ကျင်းပမည့်
ဒီဇင်ဘာ ၃၁ ရက်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား
မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။