𝙐𝙎𝘿𝙋 ဥက္ကဋ္ဌ နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (𝙐𝙎𝘿𝙋) ဥက္ကဋ္ဌ ဦးခင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr Iskander K. Azizov ဦး‌ဆောင်သည့် အဖွဲ့တို့သည် မေလ ၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ‌ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

ယင်းတွေ့ဆုံမှုအတွင်း 𝙐𝙎𝘿𝙋 နှင့် 𝙐𝙍𝙋 တို့အကြား ဆက်ဆံရေးပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေ အနေများအပေါ် အသေးစိတ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။