၃ နှစ်ခန့်ပိတ်ထားတဲ့ ထိုင်း- မြန်မာ နယ်စပ် မဲ့ဆောက်-မြဝတီတံတား ပြန်လည်ဖွင့်လှစ်

ဇန်နဝါရီ ၁၂ရက် နံနက် ၇နာရီကစပြီးတော့ ၃ နှစ်ခန့် ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်-မြဝတီ အမှတ်(၁) တံတား ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ယနေ့ နံနက်ပိုင်းမှာတော့ တံတားအနီးပတ်ဝန်းကျင် နေထိုင်သူတွေရဲ့ ပြောကြားချက်အရ တော့ တံတားပေါ်ကနေ အိမ်စီးကားတွေပဲ ဖြတ်သန်းခွင့်ပြုမယ်လို့လည်း ကနဦး သိရပါတယ်။