တရုတ်နိုင်ငံ Guangdong တွင် မိုးသီးများကြွေ

ဂွမ်ဒေါင်းပြည်နယ်က ရှိုဂျမ်းနဲ့ ကျင်းယန်းဒေသတွေအပါ တခြားဒေသတော်တော်များများ ဒီရက်အနည်းငယ်အတွင်း မိုးကြီးရေလျံမှုတွေ အရင်ကြုံဖူးတာထက်ဆိုးဆိုးရွားရွားနဲ့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်စေခဲ့တယ်။

ဒေသအလိုက် မိုးရွာသွန်းမှု၊ လေပြင်းတိုက်မှု၊ မိုးသီးကြွေမှုနဲ့ မြေပြိုမှုတွေကိုပါ မကြုံစဖူးဖြစ်စေခဲ့တယ်။ ဒါကြောင့် ဂွမ်ဒေါင်းပြည်နယ် ရေကြီးမှုထိန်းချုပ်ရေး အဖွဲ့က အရေးပေါ် အဆင့် (၄) ရေဘေးတုံ့ပြန်မှု စီမံကိန်းချမှတ်ပြီး ကူညီ ကယ်ဆယ်မှုလုပ်ငန်းတွေ ချမှတ်ခဲ့ရတယ်။

ဧပြီ ၄ ရက်နေ့ တစ်ရက်တည်း ရာနဲ့ချီတဲ့ ရေဘေးသင့်ပြည်သူ တွေကို ကယ်တင်ရွှေ့ပြောင်းပေးခဲ့ကြရတယ်။ ရှိုဂန်းမြို့မှာပဲ အဝေးပြေးလမ်းမကြီး ၇ လမ်းရေကြီးပိတ်ဆို့မှု ဖြစ် ပေါ်သလို ပေကျင်းကနေ ဂွမ်ဇူး ရထားလမ်းနဲ့ အမြန်ရထားလမ်းခရီးစဉ်တွေပါ နှောင့်နှေးခဲ့ရလို့ ခရီးသည် ထောင်ပေါင်းများစွာ အခက်အခဲတွေ တွေ့ခဲ့ကြရတယ်။