အမ်းမြိုနယ် ကားလမ်းနံဘေးတွင် အကြမ်းဖက်အဖွဲ့ထောင် ထားသည့် မိုင်းပေါက်ကွဲ

အမ်းမြိုနယ်၊ ဂါယ်လောင်းကျေးရွာအနီး အမ်း – တပ်တောင်ကားလမ်းနံဘေးတွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က AA အကြမ်းဖက်အဖွဲထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် နွေစပါးစိုက်ပျိုးရန်လုပ်ဆောင်နေသည့် ကျေးရွာဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

အမ်း – တပ်တောင်ကားလမ်းမဘေး ဂါယ်လောင်းကျေးရွာအနီးရှိ လယ်ပိုင်ရှင် ဦးတင် လှိင်၏လယ်ကွင်းတွင် နွေစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးတာဝန်ခံ ဒေါ်ကြည် ကြည်ဝင်းအပါအဝင် ဒေသခံ( ၁၀ )ဦးခန့်သည် ကားလမ်းနှင့်လယ်ကွင်းအကြား မြေကွက်လပ်ပေါ်ထိုင်နေချိန်တွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဂါယ်လောင်းကျေးရွာဒေသခံများဖြစ်သည့် ဒေါ်ကြည်ကြည်ဝင်း ( ၃၀ )နှစ်သည် မျက်နှာ၊ခါး၊လက်တိုတွင် မိုင်းစထိမှန်ဒဏ်ရာရခဲ့ပြီး ဘယ်ဘက်ခြေ ထောက်ပြတ်ရှဒဏ်ရာ၊ မမေဝင်း (၂၅)နှစ်၊ မျက်နှာမိုင်းစထိမှန် ဒဏ်ရာ၊ ဒေါ်ဌေးစိန် ( ၄၀ )နှစ်၊ မျက်နှာ၊ လည်ပင်းနှင့် ညာလက်တိုတွင် မိုင်းစထိမှန် ဒဏ်ရာ၊ မောင်ထက်လှိင်ဦး(၁၆)နှစ်၊ မျက်နှာမိုင်းစထိမှန်ဒဏ်ရာ၊ ဒေါ်ကြာစိန်(၃၀)နှစ်၊ မျက်နှာ၊ ရင်ဘတ်နှင့် လက်တိုတွင် မှိင်းစထိမှန်ဒဏ်ရာရခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အမ်းမြိုရှိ တပ်မတော်ဆေးရုံသိုပိုဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်စစ်ကြောင်းများသွားလာတတ်သည့်နေရာများကို AA အကြမ်းဖက်အဖွဲများမှ မိုင်းထောင်သည့်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများမှာ မိုင်းဒဏ်ဖြင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။