အကြမ်းဖက်pdfအဖွဲမှ ကျောင်းအုပ်ဆရာကြီးတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့ ၁၆၃၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျွန်းတောကျေးရွာနေ အမက(ဖျောက်ဆိတ်ကုန်း)ကျောင်းမှ ကျောင်းအုပ် ဦးဝင်းခိုင်၊ ၅၂ နှစ်သည် ကျောင်းမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ် ဖြင့် တစ်ဦးတည်းပြန်လာစဉ် ဘန်းကုန်းကျေးရွာအုပ်စု၊ ဖျောက်ဆိတ်ကုန်းကျေးရွာ အနီး နတ်မောက်-ကျောက်ပန်းတောင်း ကားလမ်းဘေးသို့အရောက်၌ အကြမ်းဖက်သမား ၁ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ၅ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဝင်းခိုင်တွင် ဝဲလက်မောင်းဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံကျည် ဒဏ်ရာ ၁ ချက်၊ ယာရင်အုံအောက် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် အထက် ဒဏ်ရာ ၁ ချက်၊ ဝဲနံစောင်း ဒဏ်ရာ ၁ ချက် တိုဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။