ကျုံအိတ်တံတားကို ထပ်မံ Drop Bobm ချတဲ့ အကြမ်းဖက် KNU/PDF

အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသော ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား ယာယီဘေလီတံတားပြုလုပ်နေသည့်လုပ်ငန်းခွင်ကို ဇူလိုင် ၂၃ ရက် ညနေ ၄ နာရီခွဲခန့်က Drop Bomb (၇) လုံးဖြင့် (၇) ကြိမ်မြောက်အဖြစ် ထပ်မံတိုက်ခိုက်ခံရကြောင်း သိရသည်။

အရှည် ၉၅ ပေ၊ လမ်းအကျယ် ၄၁ ပေရှိ အဆိုပါ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားကို KNU တပ်မဟာ (၁)၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်၊ မနက်အစောပိုင်းတွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုဖြစ်စဥ်အတွင်း Drone Guard များတပ်ဆင်ထားခြင်းကြောင့် ထိခိုက်မှုမရှိခဲ့ပါ။

ပျက်စီးသွားသည့်အပိုင်းကို ယာယီဘေလီတံတားထိုးရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်တွင် တစ်ကြိမ်၊ ဇူလိုင် ၈ ရက်တွင် တစ်ကြိမ်၊ ဇူလိုင် ၉ ရက်တွင် တစ်ကြိမ်၊ ဇူလိုင် ၁၂ ရက်တွင် တစ်ကြိမ်၊ ဇူလိုင် ၁၅ ရက်တွင် နှစ်ကြိမ်နှင့် ယခု ဇူလိုင် ၂၃ ရက်တွင် တစ်ကြိမ်၊ စုစုပေါင်း ၇ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

mhtnews