ထိုင်းမှာ ပြုလုပ်တော့မယ့် Cobra Gold 2024 စစ်ရေးလေ့ကျင့်ခန်း

ထိုင်း-အမေရိကန် နှစ်စဉ်လေ့ကျင့်နေကြ Cobra Gold 2024 စစ်ရေးလေ့ကျင့်မှုအား ၂၀၂၄ ဖေဖော်ဝါရီလ ၂၇ မှ မတ်လ ၁၀ ရက်ထိ ၁၄ ရက်ကြာ လေ့ကျင့်မည်ဖြစ်ပါသည်။

အဆိုပါလေ့ကျင့်ခန်းတွင် နိုင်ငံပေါင်း ၃၀ စစ်သည်အင်အား ၉၅၉၀ ဦး၊ US မှ ရဟတ်ယာဉ်တင်စစ်သင်္ဘောကြီး ၂ စင်း၊ တင့်၊သံချပ်ကာ၊အမြောက်များပါဝင်မည်ဖြစ်သည်။

ကုန်ရေနှစ်သွယ်လေ့ကျင့်ခြင်း၊ ဗျူဟာမြောက်လေထီးခုန်ခြင်း၊ ဝေဟင်နှင့်မြေပြင်တိုက်ရိုက်ပစ်ခတ်ခြင်း၊ဆိုက်ဘာစစ်ဆင်မှုလေ့ကျင့်ခြင်းများ၊လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းလေ့ကျင့်ခန်းများအဓိကလေ့ကျင့်မည်ဖြစ်သည်။

အဆိုပါလေ့ကျင့်ခန်းသည် အင်ဒို-ပစိဖိတ်ဒေသ ကမ္ဘာ့ပင်လယ်ရေကြောင်းသွားလာရေးလုံခြုံချောမွေ့စေပြီး ကုန်စျေးနှုန်းသက်သာစေရေးဖြစ်သည်ဟုဆိုသော်လည်း အင်ဒို-ပစိဖိတ်ဒေသတွင်းတရုတ်ဩဇာလွမ်းမိုးမှုကို ထိန်းချုပ်ရန်ဖြစ်တယ်လို့သိရပါတယ်။ #Crd