KIA စစ်ဆေးရေးဂိတ်ကို MNDAA ဝင်ရောက်ပစ်ခတ်စီးနင်း

ဧပြီလ ၂၆ ရက်၊ နေ့လယ် (၂)နာရီခွဲအချိန်ခန့်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်ရှိ KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ် MNDAA က ဝင်ရောက် ပစ်ခတ်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

“ကိုးကန့်စစ်သားတွေက ကား(၃)စီး‌နဲ့ရောက်လာပြီး KIA စစ်သားတွေကို ဝိုင်းလိုက်တာ၊ ပြီးတော့ သေနတ်တွေကို သိမ်းလိုက်ပြီး KIA စစ်သားတွေကို ဝိုင်းထိုးတဲ့သူကထိုး၊ ကန်တဲ့သူကကန်နဲ့ လုပ်ကြတော့၊ ပြောတဲ့စကားတွေကိုလဲ နားမထောင်ဘူး၊ စကားပြောစက်ကိုလဲ လုယူပြီးလွှင့်ပစ်လိုက်ကြတယ်၊ နောက်ပြီး သေနတ်ပစ်ဖောက်တာတွေရှိတော့ ဂိတ်မှာတန်းစီနေတဲ့ ကားတွေလဲ ဆက်မသွားရဲတော့ဘဲ ရပ်နေကြ ရတယ်”လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုထားပါတယ်။

အခုကဲ့သို့ ကိုးကန့်တပ်(MNDAA)တပ်ဖွဲ့၀င်တွေက KIA စစ်ဆေးရေးဂိတ်ကို အင်အားအလုံးအရင်းနဲ့ သေနတ်ပစ်ဖောက်ကာ ၀င်ရောက်စီးနင်းခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ်ကို ‌KIA ဘက်က တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးတာကြောင်း သိရပါတယ်။ #Crd