ဘားအံမြို၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်ကျင်းပခဲ့သည့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲ ချမှတ်ခဲ့သည်။

အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို ဇွဲကပင် အားကစားကွင်း၌ ဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ရှုတ်ချပါသည်၊ အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့၊ ပြည်တွင်းရေးရာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေသော ပြည်ပနိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက်အားပေးပြည်ပနိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက် NUG ၊ PDF (အလို မရှိ)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား (ဆန့်ကျင်ကြ)၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး(ဒိုအရေး)၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည်များအား (ချက်ချင်းရပ်)၊ ကုလသမဂ္ဂသည် နိုင်ငံတကာအစိုးရ မဟုတ်ပါ၊ မြန်မာ့အရေးသည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုမဟုတ်ပါ၊ UNSC ၏ မြန်မာနိုင်ငံဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ပါသည်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးသည့်အကြံ ဒိုလက်မခံ စသည့် ကြွေးကြော်သံများကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဇွဲကပင်အားကစားကွင်းမှ မဲဘောင်မီးပွိင့်လမ်းဆုံ၊ နာရီစင်၊ BOC ကွေ့၊ ကမ်းနားလမ်း၊ ကူးဆိပ်လမ်း၊ မဲဘောင် ဘုန်းကြီးကျောင်းလမ်းမှ နာရီစင်အထိ လူအင်အား ၁၈၀၀ ဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။