စစ်တွေမြို့မှာ မိသားစုတွေ အမွေကိစ္စအချင်းများရာမှ ၄ လောင်းပြိုင် လူသတ်မှုဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မိသားစုတွေ အမွေကိစ္စအချင်းများမှ ၄ လောင်းပြိုင် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ အောင်တိုင်ကျေးရွာအုပ်စု၊ ပလ္လင်ပြင်မူဆလင်ရွာသစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်အတွင်း အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့တာလို့ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ မိသားစုဝင်အချင်းချင်း အမွေကိစ္စကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်လို့ဆိုကာ ပြစ်မှုကျူးလွန်သူတွေကတော့ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

ယင်းဖြစ်စဉ်အတွင်း သေဆုံးသူများကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။