မင်းပြားမြိုနယ်၊ ဆင်ကြီးပြင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

မင်းပြားမြိုနယ်၊ ဆင်ကြီးပြင်ကျေးရွာ၌ ယမန်နေ့ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲဝင်များနှင့် ရွာသူ/သားများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုကျေးရွာနေ ဒူဒုရာ(၂၈)နှစ်၊ (ဘ)မာမွတ်ဒူရာသည် ၎င်း၏လယ်ကွင်းသို သွားရောက်စဉ် နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိသော်လည်း အနီးရှိနေအိမ် ၂ လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့် ဆုံးရှုးခဲ့သည့်အတွက် မီးပေါ့ဆစွာသုံးစွဲသူ ဒူဒုရာကို ဥပဒေနှင့်အညီအမှုဖွင့်အရေးယူသွားမည်ဟု သိရသည်။