“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံ အကြမ်းဖက်သမားများက ပုလဲမြိုနယ် ဇီးဖြူကုန်းကျေးရွာအတွင်းသို Drop Bomb များ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်သုံးဦး အပါအဝင် အပြစ်မဲ့ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဇန်နဝါရီ ၂၅ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြိုနယ်၌ PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ရှစ်ဦးသေဆုံးခဲ့” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တိုကို Message ပေးပို ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များ အား လျှိဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။