နိုဝင်ဘာ ၁၅ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၁၄ ရက် ၀၁၀၀ နာရီတွင် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် နေထိုင်သော ဦးမောင်ဆန်း (၄၃)နှစ်သည် နေအိမ်၌ရှိနေစဉ် ပြောက်ကျားဝတ်/ လက်နက်ငယ် ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၄ ဦးသည် ကျေးရွာ၏ အရှေ့တောင်ဘက်မှ ရောက်ရှိလာပြီး ဦးမောင်ဆန်း အား ဖမ်းဆီးကာရွာ၏ အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၄ ရက် ၁၀၁၅ နာရီတွင် မြိုင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့မှ မြိုင်မြို့၏ အနောက် တောင်ဘက်တောတိုက်နှင့် အရှေ့ဘက်ငှက်ပျောတွင်းကျေးရွာတို့မှ လက်လုပ်စိန်ပြောင်းများဖြင့် လည်းကောင်း၊ Drone ၁ စီးဖြင့် Drop Bomb များပစ်ချဖောက်ခွဲ၍ လည်းကောင်း တိုက်ခိုက်ခဲ့ရာ မြိုင်မြို့၊ အမှတ်(၁)ရပ်ကွက် မြေသားလမ်းပေါ်သို့ ၄ လုံး၊ အထက(၂)ကျောင်းဝန်းအတွင်းရှိ “သပြေဆောင်”ပေါ်သို့ ၁ လုံး၊ အမှတ်(၂) ရပ်ကွက်ရှိ မြေသားလမ်းပေါ်သို့ ၂ လုံး၊ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆရာမ ဒေါ်သလ္လာခင်(၃၁)နှစ်၊ ဆရာမ ဒေါ်မြမြထွေး(၅၂)နှစ်၊ ကျောင်းသူ မနွေးနွေးရတီသော်(၁၁)နှစ်၊ ကျောင်းသူ မသွယ်သွယ်ဝင်း(၁၂)နှစ်တို့တွင် ဗုံးစထိမှန်(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါ။

-နိုဝင်ဘာ ၁၄ ရက် ၀၅၀၀ နာရီတွင် ကလေးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာအနီးရှိ ချင်းပြည်နယ်၊ ကလေးသစ်ထုတ်ရေး ဒေသ၊ မြောက်ပိုင်းနယ်၊ နန်းကျစ်လှော်သစ်ဆိပ်သို့ PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်၍ JCB ၁ စီး၊ သစ်တင်ကား ၃ စီးဖြင့်ရောက်ရှိလာပြီး သစ်ဆိပ်၌ စုပုံထားသော သစ်အမျိုးအစား/သစ်တန်(စိစစ်ဆဲ)အား သယ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၄ ရက် ၀၁၁၅ နာရီတွင် ပခုက္ကူမြို့နယ်၊ အင်းဝိုင်းကျေးရွာတွင်နေထိုင်သော ဉီးကျော်မင်းထွန်းနှင့် ဦးအောင်ဝင်းတို့၏ နေအိမ်များသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦးခန့်မှ ရောက်ရှိ လာပြီး နေအိမ်အတွင်းသို့ဝင်ရောက်၍ နေအိမ်ရှိ ရွှေလက်စွပ် ၁ ကွင်း(ကာလတန်ဖိုး ၁,၅၀၀,၀၀၀)ကျပ်ခန့်၊ ဆိုင်ကယ် ၁ စီး(ကာလတန်ဖိုး ၁,၀၀၀,၀၀၀)ကျပ်ခန့်နှင့် ငွေ ၁,၇၀၀,၀၀၀ ကျပ်တို့အား ယူဆောင်သွားခဲ့ ကြောင်း၊ ၎င်းနောက် ၀၂၃၀ နာရီတွင် ကျေးရွာနေ ဦးအောင်မြို့(၅၄)နှစ်၏ နေအိမ်သို့ ထပ်မံဝင်ရောက်၍ ဦးအောင်မြို့၏ ဇနီးဖြစ်သူ ဒေါ်ဘိုအေး(၅၃)နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ရှားပင်ကျေးရွာသို့ ထွက်ခွာသွားခဲ့ရာ ဒေါ်ဘိုအေးတွင် ယာခါးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၄ ရက် ၀၇၀၀ နာရီတွင် မတ္တရာမြို့နယ်၊ စကျင်ကျေးရွာနေ ဦးသန်းဇော်ဦး(၄၈)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ကျား ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသန်းဇော်ဦးတွင် ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၄ ရက် ၁၈၁၅ နာရီတွင် တောင်သာမြို့နယ်၊  အမှတ်(၃)ရပ်ကွက်ရှိ အင်းဝဘဏ်သို့ အကြမ်းဖက်အဖွဲ့မှ ဒရုန်းဖြင့် ဗုံး ၁ လုံးချတိုက်ခိုက်ခဲ့ရာ အင်းဝဘဏ်၏ မြောက်ဘက် လုံခြုံရေးဘန်ကာအနီးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အနီးရှိ ပြည်သူတစ်ဦးဖြစ်သည့် ဦးဝင်းဌေး(၅၄)နှစ်၊ အမှတ်(၆)ရပ်ကွက်၊ တောင်သာမြို့နေသူတွင် ဝဲလည်ပင်းအောက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲကပ်ပါယ်အိတ် ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။