ဈေးသွားသည့် အမျိုးသမီးတဦးအား အမျိုးသမီးနှစ်ဦးမှ ဓားထောက်ပြီး နားကပ်ချွတ်လုမှုဖြစ်ပွား

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆:၃၀ ကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်တွင် ရွှေညာမောင်ဈေးသို့ လမ်းလျှောက်သွားသည့် အမျိုးသမီးတဦးအား ချောင်ထဲမှ ထွက်လာသော အမျိုးသမီးနှစ်ဦးက ဓားထောက်ပြီး နားကပ်ချွတ်လုမှု ဖြစ်ပွားခဲ့​ကြောင်း သိရှိရသည်။

” ခရစ်ယာန်ကျောင်းနားမှာ ဖြစ်သွားတာ။ မိန်းမတွေဆိုတော့ ဘယ်သူမှ ထင်မထားဘူး။ ပထမ ပိုက်ဆံတောင်းတာတဲ့၊ တသောင်းကျော်ပဲ ပါလာတာတွေ့တော့ နားကပ်ဖြုတ်တာ နားမှာ ဒဏ်ရာပါရတယ်။ ကြောက်စရာကောင်းနေပြီ။” ဟု ပြည်သူတဦးက ပြောကြားသည်။

ဓားထောက်လုယက်သူ အမျိုးသမီးနှစ်ဦးမှာ အသားညိုညို ခပ်တောင့်တောင့်ပုံစံရှိကြောင်းလည်း သိရသည်။