ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံး

ဇန်နဝါရီ ၁၈ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးသွားကြောင်း သိရပါတယ်။ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အမျိုးသား (၁)ဦး သေဆုံးအား ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။