လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်အား လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ”ရွှေပန်းတိမ်ဆိုင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပုံသဏ္ဍာန်အသွင်ယူ ဝတ်ဆင်ထားသည့် အမျိုးသားလေးဦးသည် အဖြူရောင်မော်တော် ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ်အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအား ဖွင့်ခိုင်း၍ လုယူသွားခြင်းဖြစ်သည်။