တံတောင်စွမ်းပြလို တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရတဲ့ စီရော်နယ်ဒို

ယနေ့မနက်စောပိုင်းက ဆော်ဒီစူပါဖလားပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာတွင် အယ်လ်နာဆာက အယ်လ်ဟီလယ်ကို ၂-၁ ဂိုးနဲ့ ရှုးခဲ့တဲ့ ပွဲမှာ စီရော် နယ်ဒိုဟာ ပြိုင်ဘက်ကစားသမားကို တံတောင်စွမ်း ပြခဲ့တာကြောင့် ပွဲကစားချိန် ၈၆ မိနစ်တွင် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အယ်လ်ရှာဘက်နဲ့ ပွဲမှာလည်း မက်ဆီရဲ့ နာမည်ကို ပရိသတ်တွေက တစ်ချိန်လုံး အော်နေတဲ့ အတွက်ကြောင့် ညစ်ညမ်းတဲ့ အပြု အမူနဲ့ တုံပြန်ခဲ့တဲ့ စီရော်နယ်ဒိုဟာ တစ်ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။