အမှားကိုသိပြီး အမှန်ကိုမြင်ဖို့ ကိုယ့်စိတ်ကိုယ်စစ်ပါ

လူသားတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ကိုယ့်စိတ်ကိုယ် ကောင်းမကောင်းမဆန်းစစ်နိုင်ကြတော့ဘူး။
မဆန်းစစ်နိုင်ကြတော့ သူများဒုက္ခရောက်တာမြင်ရင်ပျော်မယ်၊ သူများကို ကိုယ်ချင်းမစာတတ်ကြတော့ဘူး။
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတရားတွေ မရှိကြတော့ဘူး။ ငါအဆင်ပြေရင်ရပြီ တခြားသူဘာပဲဖြစ်ဖြစ်ဆိုတဲ့ စိတ်ရိုင်းတွေ ဝင်လာကြတယ်။
ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်ဆိုတာဘာလဲသိဖို့ ကိုယ့်စိတ်ကိုယ်စစ်ရပါမယ်။
ဒါကြောင့် ရှင်ဆန္ဒာဓိကဟောကြားထားတဲ့ ကိုယ့်စိတ်ကိုယ်စစ် တရားတော်ကို တင်ဆက်ပေးလိုက်ပါတယ်ရှင်…
သာယာချမ်းမြေ့သော နေ့ရက်ကလေးဖြစ်ပါစေရှင်…