ဆောင်းတွင်းမှာ အသားခြောက်တာကာကွယ်ဖို့

ဆောင်းတွင်းလည်းရောက်နေပြီဖြစ်တဲ့အတွက် ကျွန်မတို့တွေရဲ့အသားရေတွေက ချမ်းအေးတဲ့ဒဏ်ကြောင့်
တဖြည်းဖြည်းနဲ့ခြောက်သွေ့အက်ကွဲတာတွေဖြစ်လာတော့မှာဖြစ်ပါတယ်။
တချို့ဆိုရင် နဂိုကတည်းက အသားရေခြောက်သွေ့တတ်တဲ့အတွက် ဆောင်းရာသီမှာ အလွန်အမင်းခြောက်သွေ့တာ
တွေဖြစ်လာနိုင်ပါတယ် အသားရေခြောက်သွေ့လာမယ်ဆိုရင် ယားယံတာ၊ အသားရေတင်းတင်းကြီးဖြစ်နေသလို
ခံစားရမယ်အပြင် အချိန်ကြာလာတာနဲ့ အရေးအကြောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဆောင်းရာသီမှာ သင်ဟာ
အသားရေခြောက်သွေ့တာကို အလွန်အမင်းခံစားရတော့မယ်ဆိုရင် အသားရေကို ခါတိုင်းထက်ပိုပြီး ဂရုစိုက်ထိန်းသိမ်း
ပေးဖို့ လိုအပ်ပါတယ်။
သင့်ရဲ့အသားရေက ခြောက်သွေ့လာပြီဆိုတဲ့ လက္ခဏာပြတာနဲ့ ဒီရေဓာတ်ဖြည့်ပေးတဲ့နည်းလမ်းတချို့နဲ့ ဖြေရှင်းကြည့်ရ
အောင်…။

(၁)ဓာတုပစ္စည်းမပါတဲ့အပျော့စားမျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာတို့ကို လိမ်းပါ
ဓာတုပစ္စည်းများပြီး ကြမ်းတမ်းတဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာတွေက သင့်မျက်နှာရဲ့သဘာဝအဆီအနှစ်တွေကို
ဖယ်ရှားပစ်နိုင်ပါတယ်။ သင်က အသားရေခြောက်သွေ့တတ်တယ်ဆိုရင် နူးညံ့တဲ့မျက်နှာသစ်ဆေးနဲ့ ရေချိုးဆပ်ပြာတို့ကို
အသုံးပြုပေးပါ။
(၂) မျက်နှာသစ်ပြီးသွားရင် Moisturiser သေချာလိမ်းပေးပါ
သင်က မျက်နှာသစ်ပြီးတဲ့အခါ (သို့) ရေချိုးပြီးတဲ့အခါ ချက်ချင်းပဲ Moisturiser ကို လိမ်းပေးဖို့ အရေး
ကြီးပါတယ်။ ခန္ဓာကိုယ်ကိုလည်း အလှဆီလိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့ပစ္စည်းတွေပါဝင်တဲ့ ခရင်မ် (ဒါမှမဟုတ်)
လိုးရှင်းတို့ကို အသုံးပြုပေးသင့်ပါတယ်။
(၃) Serum လိမ်းပေးပါ
သင့်မျက်နှာက အရမ်းခြောက်သွေ့နေတယ်ဆိုရင် သင့်အသားရေနူးညံ့သွားဖို့အတွက် ကူညီပေးနိုင်တဲ့ Serum ကို
Moisturiser မလိမ်းခင် လိမ်းပေးသင့်ပါတယ်။ ကောင်းတဲ့ရလဒ်ရဖို့အတွက် တစ်နေ့ (၂) ကြိမ် လိမ်းပေး
လို့ရပါတယ်။
(၄) Exfoliate လုပ်ဖို့လည်း မမေ့ပါနဲ့
ဆောင်းတွင်းမှာလည်း အသားရေကို တစ်ပတ် (၁) ကြိမ်လောက်ဖြစ်ဖြစ် Scrub (သို့) exfoliate
လုပ်ပေးသင့်ပါတယ်။ အသားရေမှာ မကြမ်းတမ်းစေတဲ့ အာဟာရဓာတ်ဖြည့်ပေးတဲ့ Scrub တို့ကို သုံးပေးပါ။
ဒါက အသားရေခြောက်သွေ့ခြင်းမဖြစ်စေတဲ့ ခရင်မ်တွေကို အလွယ်တကူစုပ်ယူလို့မရအောင် အနှောင့်အယှက်ပေးနေတဲ့
အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။
(၅) ညဘက်ကို Moisturiser များများလိမ်းပေးပါ
မျက်နှာကနေ ခြေထောက်အထိ အသားရေခြောက်သွေ့အက်ကွဲနေတယ်ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်များများ
လိမ်းပေးဖို့ လိုအပ်ပါတယ်။ အသားရေကို နူးညံ့စေပြီး ကပ်စေးစေးမဖြစ်စေတဲ့ထုတ်ကုန်တွေကို ရွေးချယ်ဝယ်ယူလိမ်း
ပေးသင့်ပါတယ်။
(၆) ရေပူနဲ့ရေချိုးတာကို ရှောင်ပါ
ဆောင်းရာသီမှာဆိုရင် ရေအေးတဲ့အတွက် ရေပူနဲ့ ရေချိုးတတ်ကြပါတယ်။ ရေပူနဲ့ရေချိုးမယ့်အစား နွေးရုံလောက်နဲ့
ရေချိုးသင့်ပါတယ်။ ရေပူနဲ့ အချိန်အကြာကြီးရေချိုးတာ သင့်အသားရေကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။