ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့်လက်နက်/ခဲယမ်းများဖမ်းဆီးရမိ

မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့တွင်
ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိပြီးနောက် ကွင်းဆက်အရ
မြဝတီမြိုတွင် မူးယစ် ဆေးဝါးနှင့်လက်နက်/ခဲယမ်းများ ထပ်မံဖမ်းမိခဲ့ပါတယ်…

သေနတ်တွေရော မူးယစ်ဆေးတွေရဲ့ အရေအတွက် ပမာဏတွေက မနည်းဘူး။

ဒီလိုဖမ်းမိတာကလည်း အကြမ်းဖက်တွေကိုမလိုလားတဲ့ ပြည်သူတွေက တစ်ဆင့်

ဖမ်းဆီးရမိခဲ့တာတွေလည်း ဖြစ်ပါတယ်…

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ မြဝတီမြို၌
အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူများ၏
သတင်းပေးချက်အရ လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့သည်။

သတင်းအရ လုံခြုံရေးအဖွဲများက မြဝတီမြိုရှိ
နှင်းဧကရီတည်းခိုခန်းအား ရှောင်တခင်ဝင်ရောက်
စစ်ဆေးရာ ဝမ်ရှိတာ(ခ)စိုင်းလောင်ခမ်း(ခ)ဝတုတ်
မြဝတီမြိုနေ၊ ကျင်ချန်(ခ)ပီကျင်ချမ်း သိန္နီမြိုနေ၊
အောင်ကိုထွေး(ခ)ကိုစိုင်း မြဝတီမြိုနေ၊ နေထွန်းလှ
(ခ) အိုက်ရင် လားရှိးမြိုနေသူ၊ ၄ ဉီးအား –
(၁) P365 ပစ္စတို ၂ လက် ။
(၂) P320 ပစ္စတို ၄ လက် ။
(၃) ZORAKI ပစ္စတို ၁၃ လက် ။
(၄) AK 47 ၁ လက် ။

စုစုပေါင်း ၂၀ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံ ဝမ်ရှိတာ(ခ)စိုင်းလောင်ခမ်း(ခ)ဝတုတ် ၏
ထွက်ဆိုချက်အရ မြဝတီမြို၊အမှတ် ၄ ရပ်ကွက်၊
အောင်ဓနလမ်းရှိ အဟုန် ဆိုသူ၏နေအိမ်အားဝင်
ရောက်ရှာဖွေရာ ကျန်းချင်ဟိန်း တာမိုးညဲမြိုနေ၊
ဟိန်းဆွေ(ခ)ကောင်းထုံ လားရိုးမြိုနေသူ၊ ၂ ဉီးအား –
(၁) BP-12 Gen 2 ၁၂ ဗို ၃ လက် ။
(၂) M4 ကာဘိုင် ၄ လက် ။
(၃) AK-47 သစ်သားဒင် ၅ လက် ။
(၄) AK-47 ခေါက်ဒင် ၄ လက် ။
(၅) P320 SP ၉ မမ ပစ္စတို ၁ လက် ။
(၆) STEYR M9-A1 ၉ မမ ပစ္စတို ၁ လက် ။
(၇) ၁၂ ဗို ကျည်အိမ် အရှည် ၄ ခု ။
(၈) ၁၂ ဗို ကျည်အိမ် အတို ၅ ခု ။
(၉) AK-47 ကျည်အိမ် ၈ ခု ။
(၁၀) M4 ကျည်အိမ် ၄ ခု ။
(၁၁) P 320 ကျည်အိမ် ၂ ခု ။
(၁၂) STEYR M9-A1 ၉ မမ ကျည်အိမ် ၂ ခု ။
(၁၃) M4 လက်ကိုင်ကွင်း ၆ ခု ။
(၁၄) 12V လက်ကိုင်အရှေ့ပိုင်း ၆ ခု ။
(၁၅) ပစ္စတို(Glock) အသံတိတ် ၃ ခု ။
(၁၆) ပြောင်းအစိတ်အပိုင်း ၄ ခု ။
(၁၇) ပွိင့် ၃၅၇ ကျည် ၇၅၀ တောင့်။
(၁၈) ပွိင့် ၃၈ ကျည် ၇၅၀ တောင့်။
(၁၉) ၉ မမကျည် ၇၀၀ တောင့်။
(၂၀) Methamphetamine(Ice) ၃ ကီလိုဂရမ်။
(၂၁) Ketamine(K) ၉၀၀ ဂရမ်။
စုစုပေါင်း သေနတ် ၁၈ လက်၊ ကျည်အိမ် ၂၅ ခု၊ ကျည်
ဆံ ၂၂၀၀ တောင့်၊ ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။