သံတောင်ငြိမ်းချမ်းရေးအဖွဲ့ဝင်နှစ်ဦးအား သံတောင် PDF မှသတ်ဖြတ်

တောင်ငူမြို့နယ်၊ သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့ဝင်နှစ်ဦးဆိုသူအား သံတောင် PDF က သတ်ဖြတ်ကာ ယာဥ်ကိုပါ မီးရှို့ဖျက်ဆီးလိုက်သည်ဟု People Defence Force Thandaung က ပြောသည်။
ဇူလိုင် ၄ ရက် ညနေ ၄ နာရီခန့်အချိန်တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ ကျွန်းကုန်းကျေးရွာအနီး တောင်ငူမြို့-လိပ်သိုမြို့သွားကားလမ်း၏ ယာဘက်တွင် မီးလောင်ထားသည့် ယာဉ်နံပါတ်(စိစစ်ဆဲ)Mark -II အဖြူရောင်ယာဉ်အား တွေ့ရှိရကြောင်းနှင့် ၎င်းနေရာ၏ ၁ မိုင်ကျော်ခန့်အကွာ ကျွန်းကုန်းကျေးရွာကြားလမ်းယာဘက်တွင် မျက်နှာအား ကြွပ်ကြွပ်အိတ်အမည်းစွပ်ထား၍ မှောက်လျက်အနေအထားဖြင့် သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် နေထိုင်သော ဦးခင်မောင်လွင်(၆၂) နှစ်နှင့် ဦးဘရာ(၄၀) နှစ်တို့အား သေနတ်ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း သိရသည်။