နတ်မောက်မြို့နယ် ပညာရေးမှူးကို PDFများက ပစ်ခတ်သတ်ဖြတ်

နတ်မောက်မြိုနယ်၊ မြိုမရပ်ကွက်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းအနီးတွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက မြိုနယ်ပညာရေးမှူးကို မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်၌ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားကြောင်းသိရသည်။

မြိုနယ်ပညာရေးမှူး ဦးသန်းထိုက်သည် မြိုမရပ်ရှိ အောင်ဟိဏ်းစားသောက်ဆိုင်တွင် နေ့လယ်စာစားပြီး ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဥ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအနီးအရောက် အသင့်စောင့်နေသော ပီဒီအက်(ဖ်) အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သဖြင့် မြိုနယ်ပညာရေးမှူးမှာ သေနတ်ဒဏ်ရာငါးချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။