မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အသုံး၀င်တဲ့လက်ကိုဆွဲစေချင်

အသုံး၀င်တဲ့ လက်တွေကို
မြဲအောင်ချိတ်ပြီးတော့
နေ၀င်ချိန်အထိ နေသွားကြမယ် ။

မခေါ်လို့လည်း ဝမ်းမနည်းပါနဲ့
ထွက်သွားလို့လည်း
စိတ်မကောင်းတွေ ဖြစ်မနေပါနဲ့ ။

ကံကုန်လာရင် ခွဲကြရသလို
နားလည်မှုကွဲရင်လည်း လွဲကြမှာပါ ။

အကြောင်းမညီညွတ်ကြလို့
စကားမပြောဖြစ်ဘူးဆိုရင်လည်း
စိတ်ထဲမှာ အမုန်းမထားပဲရှင်သန်ပါ ။

လွတ်လပ်မှုကို ရွေးချယ်ပြီးတော့
အေးချမ်းမှုကိုရှာကာ
ဘ၀ကိုအကျိုးရှိစွာနဲ့ဖြတ်သန်းပါ ။

အသက်ကြီးလာလာလေ
သဘောထားကြီးကြီးထားပြီးတော့
ခွင့်လွှတ်ခြင်းတွေနဲ့ပဲ နေထိုင်ပါ ။

အတွေးပိုတွေကို လျှော့ချပြီးတော့
ဘ၀လေးမကျအောင် ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏