❝ နေ့စဉ်ဘုရားရှိခိုး၊တရားထိုင်တာကိုပုံမှန်လုပ်ပေးခြင်းဖြင့် ရလာမယ့်အကျိုးကျေးဇူးများ ❞

လူတချို့က ဘုရားရှိခိုးတာ၊
တရားထိုင်တာတွေဟာ ဆုတောင်းချင်လို့၊
ကိုယ်လိုချင်တာတစ်ခုခုအတွက်
ဘုရားကိုအသုံးချဖို့ကြိုးစားနေတာမျိုးလို့
ထင်နေတတ်ကြပါတယ်။
.
တကယ်တော့ ဘုရားရှိခိုးတာ၊
တရားထိုင်တာဟာ လောကုတ္တရာ
အကျိုးတင်မကဘဲ လောကီ
ဆိုင်ရာအကျိုးတွေလည်း ရစေတဲ့
ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။

နေ့စဉ်ဘုရားရှိခိုးခြင်းက
ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။

စိတ်ကြည်လင်စေတယ်

နေ့တိုင်းဘုရားရှိခိုး၊ မိနစ်အနည်းငယ်
လောက်တရားထိုင်တာကို
ပုံမှန်လေးလုပ်ပေးနိုင်ရင်

နေ့စဉ်စိတ်ကြည်လင်မှုကိုဖြစ်စေပြီး
ရက်တွေကြာလာတဲ့အခါမှာလည်း
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပိုင်းမှာ
အံ့သြစရာကောင်းလောက်အောင်
တိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။

ကောင်းတဲ့စိတ်ကိုဖြစ်စေတယ်

ပတ်ဝန်းကျင်နဲ့ လူတွေအပေါ်
အဆိုးမြင်စိတ်ကိုလျော့နည်းစေတယ်။

ကောင်းမွန်တဲ့စိတ်ကိုဖြစ်ပေါ်စေပြီး
မျက်နှာကြည်လင်စေတယ်။
စိတ်ပျံ့လွင့်မှုတွေနည်းလာအောင်
ကိုယ့်ကိုယ်ကိုထိန်းချုပ်လာနိုင်ပြီး
ကောင်းမွန်တဲ့အတွေးတွေပေါက်
ဖွားလာစေပါလိမ့်မယ်။

အာရုံစူးစိုက်မှုပိုကောင်းစေတယ်

စိတ်ငြိမ်းချမ်းမှုကိုဖြစ်ပေါ်စေတာကြောင့်
ကိုယ့်ရဲ့အတွေးတွေကိုထိန်းချုပ်လာနိုင်ပြီး
အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာစေတယ်။

အဲ့ဒါက ပညာရပ်တွေလေ့လာ
သင်ယူတဲ့အခါမှာ၊ လုပ်ငန်းခွင်မှာ
ပိုအဆင်ပြေလာစေပြီး မိသားစု
အတွင်းဆက်ဆံရေးပိုမိုပြေလည်လာစေခြင်း၊ ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာခြင်း
စတဲ့အကျိုးဆက်တွေကို ရရှိစေပါတယ်။

ဘဝမှာနေပျော်လာစေတယ်

ဘုရားပုံမှန်ရှိခိုးခြင်း၊ တရားထိုင်ခြင်းကြောင့်
စိတ်ကြည်လင်ငြိမ်းချမ်းခြင်းအပြင်
ဘဝမှာလည်း အရင်ကထက်
ပိုပြီးနေပျော်လာစေပါတယ်။

အဆင်မပြေမှုတွေ၊
အရှုံးတွေကြုံလာရင်လည်း
စိတ်ကိုထားတတ်လာမယ်၊
ရောင့်ရဲတတ်လာမယ်၊
ကိုယ်ချင်းစာနာစိတ်ပိုတိုးလာပါမယ်၊
ဒါကြောင့် ဘဝမှာ ပိုပြီးနေပျော်လာပါလိမ့်မယ်။

ကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်

ဘုရားရှိခိုး၊ တရားထိုင်ခြင်းက
စိတ်ပိုင်းဆိုင်ရာကိုကောင်းကျိုး
ဖြစ်စေရုံမက ခန္ဓာကိုယ်အတွက်လည်း
ကောင်းကျိုးဖြစ်စေပါတယ်။
.
သွေးတိုးကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း၊ ဦးနှောက်ကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။