သိကြားမင်းဖြစ်စေတတ်တဲ့ကုသိုလ်

မိဘနှစ်ပါးကိုပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလိုသတ်မှတ်တယ်။

ဘာဖြစ်လိုလဲဆိုတော့ သိကြားမင်းကိုယ်တိုင် လူ့ဘဝတုန်းက မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခဲ့တာဖြစ်တယ်။

ဒါ့ကြောင့်မို ဒီကုသိုလ်ကောင်းမှုဟာ သိကြားမင်းအဖြစ်ကိုရောက်စေတတ်တဲ့ ကုသိုလ်တွေထဲမယ် ကြီးမားတဲ့ကုသိုလ်တစ်ခုဖြစ်တယ်။

အဲဒါကြောင့်မိုလို့ နတ်တွေက မိဘတွေအတွက်၊ မိဘတွေကို ပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်၊ မိဘကိုရိုသေလေးစားတဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်မျိုးတွေကို တကယ့်သပ္ပုရိသ လူတော်လူကောင်းလို့ ဒီလိုသတ်မှတ်ကြပါတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ