မိုခါမုန်တိုင်းဘေးဒဏ်သင့်ပြည်သူများအတွက် ကိုရီးယားသမ္မတနိုင်ငံ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်မှ အလှူငွေပေးအပ်လှူဒါန်း

ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Cheol Hong Huh က လှူဒါန်းငွေ ကိုရီးယားဝမ် ၅,၀၀၀,၀၀၀ (ကိုရီးယားဝမ် ငါးသန်းတိတိ) အား ဇွန်လ ၂၀ ရက်၊ ယနေ့ နံနက် ၁၀၃၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို လာရောက်၍ မြန်မာသံအမတ်ကြီး ဦးသန့်စင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။